Monday 17 December 2012

Install libreoffice on backtrack 5r3

ကျနော်က 64 bit ကို မသုံးတော့ 32 bit လို့ ပြောလိုက်တာပါ.. စမ်းကြည့်ချင် လည်း စမ်းကြည့်ပေါ့နော်.. ကျနော့်မှာ တော့ အခု အဆင်ပြေလို့  တင် လိုက်တာပါ..

အခု 64bit ကိုလည်း ကျနော် စမ်းပီးပါပီ.. အဆင်ပြေပါတယ်.. ဒေါင်းတဲ့ နေရာမှာသာ 64 bit Deb file ကို ဒေါင်းပေးရမှာပါ..


တစ်ခုတော့ ရှိတယ်... ကျနော်.. အဲဒါကို လုပ်တာ.. openoffice ကို remove အရင် လုပ်ပေးလိုက် ရတယ်.. သူပြောထားတဲ့ အတိုင်း ကျနော် ပြန် ရှယ်ပေးထားပါ... openoffice ကို remove မလုပ် ရင် အောင် မြင် မမြင်တော့ ကျနော် မသိဘူး .. remove မလုပ်ပဲ စမ်းချင် လည်း စမ်းပေါ့... ပြသနာ တက် ရင် နော် မသိဘူး .. အဟဲ.. ကျနော်က မျှဝေရုံသာ လုပ်တတ်တာပါ.. ကျန် တာ ဘာမှ မသိဘူး..

apt-get remove openoffice*.*



အဲစာကြောင်းက တော့ ခုနက ကျနော်ပြောတဲ့ openoffice ကို remove လုပ်တဲ့ စာကြောင်းပါ...
libreoffice ကို မသုံးဘဲနဲ့ openoffice ကို သုံးချင် လည်း သုံးးပေါ့နော်.. openoffice ကို သုံးချင် ရင်
ဟိုမှာ ပြောထားတာတော့ ဘာမှ လုပ်စရာ မလိုပါဘူး .. ဒီအတိုင်း

apt-get install openoffice.org

ဆိုရင် ရပါပီ.. အ ပေါ် က remove command ကို run ပီးရင်တော့ install openoffice က အလုပ်လုပ်မှာ မဟုတ်တော့ပါဘူး ..

စာတွေလည်း ဘယ်ရောက်သွားလဲ မသိဘူး .. အဟီး... အခု libreoffice ကို install လုပ်ကြည့်ရ အောင်..

Terminal ကို ဖွင့်ပါ.. ပီးရင် အောက်က command ကို ရိုက်ပါမယ်..
ဒီအဆင့် မှာ ကိုယ်သုံးနေတဲ့ လိုင်းက wep အမျိုးစားဆိုရင် အဲဒါကို မလုပ်ပါနဲ့.. wpa နဲ့ သာ အဆင်ပြေပါလိမ့်မယ်... wep ဆိုရင် error တွေ့ပီး ဆက်သွားလို့ မရ တော့ ပါဘူး ..(ဖြည့်စွက်ချက်။။ အောက်မှာ Ko min min က အဲလို error တွေ့ရင်

sudo apt-get update
sudo apt-get install python-software-properties

ကို အရင်ဆုံး run ပေးရင် ရတယ်လို့ ပြောထားပါတယ်.. ကျနော် စမ်းကြည့်တော့ 32 bit တုန်းက အဆင်မပြေခဲ့ပေမယ့် (ဘာကြောင့်လဲ မသိပါ) 64bit မှာ အဲဒါကို အရင် run တာ အဆင်ပြေတာကို တွေ့ရပါတယ်..wep လိုင်းပေမယ့် error လည်း မတွေ့ရတော့ပါဘူး .. ကိုမင်းမင်းကို ကျေးဇူး အများကြီး တင်ပါတယ်.. )အခု ဒီစာကို ကျနော်ထပ်ဖြည့် ထားတာပါ.. )

sudo apt-get update
sudo apt-get install python-software-properties
sudo add-apt-repository ppa:libreoffice/ppa
sudo apt-get update

ဒီအဆင့်ကို အောင်မြင် ခဲ့ပီးပီ ဆိုရင် ... http://www.libreoffice.org/download/ ဒီဆိုက်ကို သွားပါ.. ကိုယ်သုံးနေတဲ့ bt version နဲ့ ကိုက်တဲ့ .Deb file တစ်ခုကို ဒေါင်းလိုက်ပါ.. 150 MB လောက်တော့ ရှိလိမ့်မယ်..
ဒေါင်းပီးသွားရင်... ကိုယ်ဒေါင်းထားတဲ့ ဖိုင် က Downloads ဖိုဒါ ထဲမှာ ရှိတယ် ဆိုရင် cd Downloads ဆိုတဲ့ command နဲ့  သွားပါ.. ရောက် လျှင် tar xzf (file)ဆိုတဲ့ command နဲ့ ဖြည်ပါ.. လက်သည်းကွင်းထဲမှာတော့ ခုနက ဒေါင်းထားတဲ့ ဖိုင် နာမည်ကို ထည့်ပေးရမှာပါ..

ပြီးရင် ကိုယ်ဖြေထားတဲ့ ဖိုဒါထဲကို ဝင် လိုက်ပါ.. ဝင် လိုက် ၇င် DEBS နဲ့  readmes ဆိုတဲ့ ဖိုဒါ နှစ်ခု တွေ့ရင်
DEBS ဆိုတဲ့ folder ထဲကို ဝင် လိုက်ပါ.. ပီးရင် desktop-integration ဆိုတဲ့ folder နံဘေးနားက
libobasis3.6-base_3.6.3.2-2_i386.deb ဆိုတဲ့ ဟာကို right click ထောက်ပါ.. properties ကို ရွေးပါ.. အဲဒီမှာ ဘောက်တစ်ခု ပေါ်လာရင်.. Location : နံဘေးမှာ ရှိတဲ့ စာလေးကို copy ကူးလိုက်ပါ..
(eg .. Location : /root/LibO_3.6.3.2_Linux_x86_install-deb_en-US/DEBS ) ဒီလိုမျိုး ပေါ်နေနိုင် ပါတယ်..

ပီးရင် terminal ကို ဖွင့်ပါ.. cd လို့ ရိုက်ပီး ခုနက ကူးလာတဲ့ ဟာကို paste ချပါ.. (eg. cd /root/LibO_3.6.3.2_Linux_x86_install-deb_en-US/DEBS) အဲလိုမျိုးပါ..
နောက် command ကို ဆက် ၇ိုက်ပါမယ်..

sudo dpkg -i *.deb

အဲဒါပီးသွားရင် desktop-integration folder ထဲ ဝင် လိုက်ပါ.. အထဲမှာ .deb file တစ်ခု ရှိပါတယ်.. ခုနက လိုပဲ.. right click>>properties ပီးတော့ Location နံဘေးက စာတွေကို copy ကူး .. ပီးရင်
Terminal ထဲမှာ cd (flie location) ပေါ့.. (eg.. cd /root/LibO_3.6.3.2_Linux_x86_install-deb_en-US/DEBS/desktop-integration)
ပီး၇င် ခုနက အတိုင်းပဲ...

sudo dpkg -i *.deb

ဒီ command ကို run ပေးလိုက်ပါ.. အဲဒါပီးသွားရင် အဆင်ပြေပါပီ..

(မှတ်ချက်။။ မသိသေးသူများ အတွက်သာ ရည် ရွယ်ပါသည်..)

No comments:

Post a Comment

back to top