Monday 17 December 2012

BT 5r3 မှာ wifi icon လေးပေါ်အောင် လုပ်နည်း..

ကျနော် ခေါင်းစဉ်ကို ဘယ်လို နာမည်ပေးရမှန်း မသိလို့ အဆင်ပြေသလို ပေးလိုက်တာပါ.. အခု ဒီဟာက bt 5r3 64bit gnome အတွက်ပါ.. ကျနော် အရင်က တင်ထားတဲ့ 32 bit ကို ဖြုတ်ပီး အခု 64bit တင်ထားတော့ 64bit လို့ ပြောလိုက်တာပါ.. 32bit တုန်းက အဲဒါကို ကျနော် မလုပ်ဖူးဘူး.. ကျနော်တွေ့တဲ့ ဟာမှာတော့ 64 bit/ 32 bit လို့ ရေးမထားပါဘူး.. for Bt 5r3 လို့ပဲ ရေးထားတော့ 32bit အတွက်လည်း အဆင်ပြေမယ် ထင်ပါတယ်..

ကျနော်တို့ backtrack ကို သုံး ubuntu မှာလို ဝိုင်ဖိုင် ကို အပေါ်ဘက်မှာ မပေါ်တာကို တွေ့ ၇မှာပါ..

wicd network manager ရှိပေမယ့်လည်း .. အင်တာနက်ဖွင့်ချင်ရင် အဲဒီဟာကို သွားသွားဖွင့်နေရတာ မကြိုက်လှပါဘူး..



အခုကျနော် အောက်မှာ ဘယ်လိုလဲ ဆိုတာ ပုံ တင်ထားပေးပါတယ်.. အခု ဒီပိုစ့်က မှာက ဘာမှ မထူးခြားပေးမယ့် . အဲလို လုပ်ချင်တဲ့ လူတွေ ရှိရင် လုပ်နိုင်အောင်လို့ ပါ...

အခု အောက်မှာ ပေးထားတဲ့ command တွေကို တစ်ကြောင်းပီး တစ်ကြောင်း run လိုက်ပါ..

# apt-get install network-manager-gnome
# cp /etc/network/interfaces{,.backup}
  # echo "auto lo" > /etc/network/interfaces
  # echo "iface lo inet loopback" >> /etc/network/interfaces
  # service network-manager start
  # nm-applet &

အောက်ဆုံး က nm-applet & ကို run ရင် နည်းနည်း ကြာချင်ကြာပါလိမ့်မယ်.. ပီးအောင် စောင့်ပါ..

အားလုံးးပဲ အဆင်ပြေပါစေ.. ခင်ဗျာ..


No comments:

Post a Comment

back to top