Monday 17 December 2012

Fix sound system on backtrack

ကျနော်တို့ BT ကို install လုပ်ပီးသွားရင် အ ပေါ်ဘက်မှာ ရှိတဲ့ speaker ပုံးလေးမှာ..
အ ရောင်လေးမှိန်နေတာကို တစ်ချို့ တွေ ကြုံဖူးမယ်ထင် ပါတယ်..
ပြီးတော့ သီချင်းတွေ ဖွင့်လည်း အသံကို ကျယ်ကျယ် မကြားရဘူး...
ဒါကြောင့် BT က နေဆို သီချင်း နားထောင် ချင် တာတောင် ကောင်းကောင်း နားမ ထောင် ရဘူးး...
အသံက တိုးလွန်းလို့ ပါ..
ကျနော် အဲဒါကို ဘယ်လို လုပ် ရမလဲ လို့ လိုက် ရှာကြည့်တာ.. အဆင်ပြေတာကို တွေ့ရပါတယ်... အဲဒါနဲ့ ပတ်သက်ပီး ဒီဆိုက်တွေမှာလည်း တင် ဖူးပီးသားလားတော့ မသိပါဘူးး ..
ကျနော် လိုက် ရှာတာ မ တွေ့လို့... အခု နောက်ကျနော့် လို ဖြစ်နေတဲ့ သူတွေ ရှိရင် လည်း တကူးတက လိုက် ရှာမ နေရ အောင် တင်ပေးလိုက်တာပါ..
အက်မက်ကိုလည်း ခွင့်မ တောင်းရ သေးပါဘူ .. အဟီး...
အခု တစ်ခါတည်း ခွင့်တောင်းထားမယ်နော်..



အရင် ဆုံး .. system>>startup applications ကို သွားပါ.. ပြီးရင် Add ကို နှိပ်ပါ..

Add ကို နှိပ်လိုက် ရင် box လေးတစ်ခု တက်လာလိမ့်မယ်... name နေရာမှ... ကိုယ် ကြိုက်တဲ့ နာမည်ပေးနိုင် ပါတယ်... (eg. SOUND )

Browse ဆိုတဲ့ အကွက်ထဲမှာတော့ /usr/bin/pulseaudio အဲဒီစာသားကို ထည့်ပေးလိုက်ပါ...

comment နေရာမှာတော့ ကိုယ်ကြိုက်တဲ့ စာတစ်လုံး ရေးလိုက်ပေါ့.. (eg. Enjoy, GOOD) ဖြစ်ဖြစ်ပေါ့..

ပြီးရင်တော့ save လုပ်လိုက်ပါ ပီးတော့ ကွန်ပြုတာကို restart ချလိုက်ပါ...

( မှတ်ချက်။။ သိပီးသူများကို မရည် ရွယ်ပါ..)

No comments:

Post a Comment

back to top