Monday 17 December 2012

Backtrack မှာ မြန်မာ Dictionary ထည့်မယ်.

ကျနော်က Backtrack ကို window 7 နဲ့ တွဲတင်ထားတော့ Backtrack သုံးတဲ့ အချိန် ကိုယ်မသိတဲ့ english စာလုံးတွေ တော်တော်များများကို ဘာသာ ပြန်ဖို့ ခက်နေလို့ အဲဒါကြောင့် ဒီဟာလေးနဲ့ သုံးကြည့်တာ အဆင်ပြေနေတာ တွေ့ရတယ်.. အဲဒါကို ကျနော် အရင် ubuntu သုံးတုန်းက အတိုင်း လုပ်ကြည့်တာ အားလုံး အိုကေပါပဲ...

အရင်ဆုံး Backtrack မှာ software-center ကို install လုပ်ထားပေးပါ..
လုပ်ထားပီးတဲ့ သူတွေ ဆိုရင်တော့ လုပ်စရာ မလိုတော့ဘူးပေါ့ ဗျာ..

မလုပ်ရသေးတဲ့ သူတွေ ဆိုရင်တော့

apt-get install software-center



ဆိုပီး လုပ်လိုက်ပါ.. ပြီးရင် Applications>>Ubuntu Software Center ကို ဖွင့်ပီးတော့ အဲဒီမှာ stardict လို့ ရိုက်ရှာလိုက်ပါ.. ပီးတော့ အဲဒီ StarDict ကို install လုပ်လိုက်ပါ..

software-center မသွင်းချင်တဲ့ သူတွေက အပေါ်က အဆင့်တွေ အကုန်လုံးကို ကျော်ထားခဲ့ပီးတော့

apt-get install stardict

လို့ Terminal မှာ ရိုက်လိုက်ပါ..

လုပ်ပီးသွားရင်.. http://code.google.com/p/ornagai-stardict/downloads/list ဒီလင့်က ornagai-stardict_1.0.0-1_all.deb
ကို ဒေါင်းပါ.. ပြီးရင် Terminal မှာ

dpkg -i ornagai-stardict_1.0.0-1_all.deb

အဲလို ရိုက်လိုက်ပါ.. Dictionary စသုံးချင်ရင်တော့ Applications>>Accessories>>StarDict ကို ဖွင့်ပီး သုံးနိုင်ပါပီ ခင်ဗျ...


မသိသေးသူများကိုသာ ရည်ရွယ်ပါသည်..

စာအုပ်ကို လိုချင်ရင် https://www.facebook.com/groups/ubuntu4mm/498767800142671/

အဲလင့်မှာ ယူလိုက်ပါ.. အဲမှာကရေးထားတာ နည်းနည်း ပြည့်စုံပါတယ်..

No comments:

Post a Comment

back to top