Wednesday 31 October 2012

mm-kb.deb Installation & Video Tutorial…

ခဏခဏမေးနေတဲ့ Zawgyi ၊ Myanmar3 Unicode သွင်းနည်း… ခဏခဏဖြေရှင်းနေရတယ်… ဒီ blog လေး စရေးကာစတုန်းကတော့ 10.04 မှာသွင်းနည်းကို စာအနေနဲ့ပဲရေးပြီး တင်ပေးထားဖူးပါတယ်…။ ဒါပေမယ့် ကျွန်တော့်အရေးအသားက နားမလည်လောက်အောင်ကို ကောင်းနေတယ်ထင်ပါတယ်… ခုထိပြဿနာတက်နေကြတုန်း…။ ဒီတစ်ခါတော့ 11.10 မှာ install လုပ်ပုံကို Video ဖိုင်အနေနဲ့တင်ပေးလိုက်ပါတယ်…။ အတတ်နိုင်ဆုံး ရှင်းလင်းအောင် ကြိုးစားပြီးလုပ်ပြထားပါတယ်…။ မရှင်းတော့လဲထပ်ရှင်းရတာပေါ့ဗျာ…။
ဒီ Video လေးထဲမှာတော့ Zawgyi Keyboard ကိုပဲစမ်းပြထားပါတယ်…။ Myanmar3 ကိုပါထပ်စမ်းပြရင် ဒီထက် File Size ကြီးသွားနိုင်တာကြောင့်ချန်ထားခဲ့လိုက်ပါတယ်…။
Site ရဲ Policy အရ… Upload လုပ်ဖို့ File Size နည်းနည်းကြီးနေတဲ့အတွက် တန်းကြည့်လို့ရအောင်မလုပ်ပေးနိုင်သေးတာကိုတော့ခွင့်လွှတ်ပါ…။ အဆင်ပြေရင် Vimeo မှာပါတင်ပေးသွားပါ့မယ်…။
back to top