Tuesday 10 July 2012

IE မှာ ဇော်ဂျီဖောင်ကို မမြင်ရလျှင်..

(mmkie)နည်းပညာ မှတ်စု

IEရင်ဆုံး notepad ဖွင့်
body
{
font-family:Zawgyi-one;
}
input, select , textarea
{
font-family:Zawgyi-one;
}
ဆိုပြီးရိုက်လိုက်ပါ.... ပြီးရင် notepad မှာရိုက်ပြီ...

D:\ie.css နဲ့သိမ်းလိုက်....
ပြီးတော့ IE ကိုဖွင့်...အဲဒါက အရင် browser တွေ အတွက်ပါ ..
Tool -> Folder option -> Accessibility ကို နှိပ်ပါ...
Ignore Font Style specified...pages ကို check လုပ်ပါ...
Format documents using my style sheet ကို check လုပ်ပါ..
Browse လုပ်လိုက်ပါ...D:\ie.css ကိုရွေးလိုက်ပါ...ပြီးရင် OK လုပ်လိုက်ပါ... OK ထပ်လုပ်ပါ..



 ဒီနေရာမှာ အခု browser 8, 9 ,  တွေကတော့ သွားရတာ မတူပါဘူး  8, 9 သုံးတဲ့ သူတွေက Tools>>Internet Options>>General tag ထဲက Accessibility ကို နှိပ်ပါ ပီးရင် Ignore Font Style specified on webpages ကို check လုပ်ပါ  ..ပြီးတော့ Format documents using my style sheet ကို check ထပ်လုပ်ပါ... Browse လုပ်လိုက်ပါ.. D:\ie.css ကို ရွေးလိုက်ပါ..
ပြီးရင် OK လုပ်လိုက်ပါ... OK ထပ်လုပ်ပါ..
ကဲရပါပြီ... မြန်မာလို... IE တစ်ခုလုံး ဇော်ဂျီ font ဖြစ်သွားပါပြီ...
 အခု အဲလို လုပ်လိုက် တာတောင် မမြင်ရသေးဘူး ဆိုရင် Tools>>Internet Options>> General tagထဲက Accessibility နံဘေးက Font ဆိုတာ ရှိပါတယ် အဲဒီထဲသွားပီးတော့ Zawgyi One ကိုရွေးလိုက်ပါ..  ပြီးရင် ok ပေါ့.. တစ်ခုရှိတာက  ဖောင်ကို ကွန်ပြုတာမှာ Zawgyi One ကို အင်စတော ချပီးသားဖြစ်ရမယ်နော်..  အခုဒီဟာကို ပြောတာက ဆရားကြီးတွေ အတွက် မဟုတ်ပါဘူး ခင်ဗျာ...  အင်တာနက်ကို အခုမှ စသုံးတဲ့ သူတွေ အတွက်ပါ... သူများနိုင်ငံကို ရောက်စက ကျနော် ဆိုင်မှာ သုံးတော့ ဘယ်လိုလုပ်ရမှန်း မသိဘူး  အဲဒါကို..  မြင်မှ မမြင်ရတော့ Firefox ကိုအရင်ပြေးဒေါင်းရတယ် ပီးတော့ အဲဒါကို Run ပြီး သုံးးရတယ် .. ဆိုင်မှာ သုံးတာဆိုတော့ နောက်တစ်ခါဆိုလည်း အဲလိုပဲ ဇော်ဂျီနဲ့ firefox ကို ရမ်းရပြန်ရော   ဒါပေမယ့် ကျနော်ကတော့ IE ကို သိပ်မကြိုက်ဘူးဗျ  နှေးလို့ ...
 D ကိုစက်မှာ မတွေ့ဘူးး ရှာရတာ ခက်လို့ E ပဲ ရှိတယ် ဆိုရင်လည်း E မှာ သိမ်းလိုက်လို့ ရပါတယ်.. ဒါဆို အပေါ်ကD နေရာမှာ E လို့ အစားထိုးပီး သိမ်းလိုက်ပါ..  အဲလို ဘာကြောင့် ပြော၇လဲ ဆိုရင်  တစ်ချို့သူတွေက drive ကို မမြင်ရဘူးဆိုရင် ရှာလို့ မရပါဘူး.ဖျောက်ထားတတ်လို့ပါ . အဟီး ဘယ်သူလဲလို့ မမေးပါနဲ့  အရင်က ကျနော်ကိုယ်တိုင် ဖြစ်ဖူးလို့ ပါ  သုံးလို့ မတတ်ခင်ကလေ..

No comments:

Post a Comment

back to top