Wednesday 13 June 2012

Ubuntuမှာ Zawgyi Font ထည့်နည်း..

ဒါလေးကတော့ ဗျာ ခုမှ Linux ကို စတင်လေ့လာတဲ့ သူတွေအတွက်တော့ အရမ်းအသုံးဝင်တယ်ဗျ.......
ဘာလို့ လဲဆိုတော့ Ubuntu က အင်တာနတ်သုံးရင်အရမ်းမြန်တယ်ဗျာ ကြိုက်တဲ့ Virus ထည့် လုံးဝမကိုက်ဘူး သုံစွဲရတာအရမ်းပေါ့ပါးတယ်ဗျ အဲ့တာကြောင့် Myanmar font ပြသာနာတက်နေတဲ့သူတွေအတွက်......ဘယ်လို Install
လုပ်ရမလဲဆိုတာလေးကိုမသိသေးတဲ့ ကိုကို တို့ မမ တို့ ကိုပြောချင်လို့ ပါ
ပထမဆုံး......ဒီမှာ ကီးဘုတ်ကလေးကိုအရင်ဆုံးဒေါင်းလိုက်ပါခင်ဗျာ
နောက်ပြီးရင် အဲ့ ဒေါင်းလို့ ရတဲ့ ဟာလေးကို...
Desktop ပေါ်မှာသွားထားလိုက်ပါ နောက်ပြီးရင်

cd ~/Desktop
အဲဒီ desktop ပေါ်က ဟာကို ကြည့်ချင်ရင်  
ls လို့ ရိုက်ပီး ကြည့်ပါ ..အဲလို ကြည့်လိုက်ရင် ခုနက ရွှေ့ထားလိုက်တဲ့ ဖိုင်ကို ပြပါလိမ့်မယ်  အဲဒီ ဖိုင်နာမည်ကို အောက်မှာ tar xzf နဲ့ တွဲပြီး နောက်ကွန်မန်း တစ်ခု ရိုက်ထည့် ရပါမယ်
ဥပမာ ဖိုင်နာမည်က  kkk42 ဆိုရင် အောက်က
tar xzf  kkk42 လို့ ရိုက်ထည့်ရမှာပါ  ကျနော်က ဖိုင်နာမည်ကို သေချာ မမှတ်မိတော့လို့ အဲလိုပြောလိုက်တာပါ  အဟီး ဦးနှောက်ကလည်း အဲလောက်ကောင်းတာ ကိုးဗျ...ပြီးရင် အောက်က ကွန့်မန့်တွေကို တစ်ဆင့်ချင်း ရိုက်သွားလိုက်ပါ 
cd burma-keyboard-tk
sudo python burma-keyboard-nogui.py
အဲ့ စာသားလေးကို Ctrl + ALt + T ကို နှိပ်ပေးပါ နောက်ပြီးကျလာ တဲ့ ဘောက်ထဲမှာ ကျွန်တော်အပေါ်က ပြထားတဲ့
စာလေးလေးကို ရိုက်ထည့်ပေးလိုက်ပါ မှားလို့ မရပါဘူး နောက်ပြီးရင် Enter ခေါက်ပေးပါ နောက်ပြီးရင် Enter your fontfolder name: zawgyi2008 ဆိုရင် zawgyi2008 အဲ့ဒါလေထည့်ပေးပါ
Are you going with zawgyi2008 font? Y/n လိုပေးလိမ့်မယ် Y လို့ ရိုက်ထည့်ပေးပါ
ပြီးရင် Enter နောက်ပြီးရင် ထပ်မေးပါလိမ့်မယ် I ကိုနှိပ်ပြီးတော့ Enter နောက်တစ်ခါ I ကိုနှိပ်ပြီးတော့ Enter ပြီးရင် Q
ကိုနှိပ်ပြီးတော့ Enter ပဲ ပြီးရင်တော့ Restart ချပေးလိုက်ပါ ဇော်ဂျီ ရပါပြီ....နောက်ပြီးတော့ ရိုက်လို့ ရမှာမဟုတ်သေးပါဘူး....ကျွန်တော် က U buntu 11.04 ကို သုံးတာဆိုတော့ Window ကို နှိပ်ပြီးတော့......Keyboard
ကိုသွားပါ နောက်ပြီး ရင် Layouts ထဲမှာ ပြီးရင်လ Add ပြီးရင် Myanmar ကို ရွေးပြီးတော့.......ပြီးရင်မြန်မာလိုရိုက်လို့ ရပါပြီ

အပေါ်က တစ်ခုပြောသွားတာ Ctrl+Alt+T ကို မနှိပ်ပဲ အခုလုပ်နေတဲ့ ဘောက်တစ်ခုတည်းမှာပဲ ရိုက်လို့ ရပါတယ်..  အောက်မှာလည်း Zawgyi ကီးဘုတ်တစ်ခု ထပ် ရှိပါသေးတယ်  ကျနော့်မှာတော့ အဲဒါနဲ့ ပဲ အဆင်ပြေသွားပါတယ် ကီးဘုတ်ကို ဒီမှာ ဒေါင်းလိုက်ပါ ..ပြီးတော့ ဒီဟာ လုပ်နည်း ကိုတော့ အောက်က စာအုပ်ကိုပဲ ဒေါင်းး ပြီး ဖတ်ကြည့်လိုက်ပါ.. 
Ubuntu (zawgyi) download
အဆင်ပြေပါစေ ခင်ဗျာ

No comments:

Post a Comment

back to top